ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်အသုံးပြုမဲပေးခြင်း သရုပ်ပြ

ရမည်းသင်း ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်တွင် သင်းရတနာခန်းမ၌ ရမည်းသင်းခရိုင်/ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား‌ဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ဦးဆောင်၍ မြန်မာ့ အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများ နှင့် လက်တွေ့ မဲပေးခြင်းဆိုင်ရာနည်းစနစ်များကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ကို အသုံးပြု၍ ဆန္ဒမဲပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနေမျိုးအောင်က  မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းစနစ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ တက်ရောက် လာကြသူများက လက်တွေ့ စမ်းသပ် ဆန္ဒမဲပေးသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ခရိုင် ပြန်/ဆက်