သတင်းများ

‎မဟာအောင်မြေမြို့နယ်၌ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူး ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 08,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသား ကျောင်းသူများအနေနဲ့ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသက် ၁၃ နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ည‌နေပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပေးခဲ့သည်။
တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Aug 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က  ဌာနဆိုင်ရာရုံးများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်
Aug 08,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ဝန်ထမ်း၊ ဝန်ထမ်းမှီခိုသူများအား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 08,2025
၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်ဝန်ထမ်း၊ ဝန်ထမ်းမှီခိုသူများအား မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ကျင်းပကြောင်းသိရသည်။
ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီ တတိယအကြိမ်ရွေးချယ်ပွဲ လွိုင်ကော်၌ ကျင်းပ
Aug 08,2025
ကယားပြည်နယ်သည် တည်ငြိမ်အေးချမ်းလျက်ရှိလာပြီဖြစ်၍ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ နေ့စဉ်ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေရေးနှင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်းခေတ်မှီတိုးတက်ကောင်းမွန်စေရန် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျကြီးကြပ်ရေးကော်မတီ တတိယအကြိမ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတတိယအကြိမ် ကြီးကြပ်ရေးကော်မတီအသစ် ပြန်လည်ရွေးချယ်ခြင်းဖြစ်ပါကြောင်းနှင့် ရွေးချယ်ခံကော်မတီဝင်များက ခရီးသွားပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သည့် ယာဉ်အသင်းများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အကျိုးစီးပွားတိုးတက်ရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေး၊ ကယားပြည်နယ်၏ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း ခေတ်မှီတိုးတက်ကောင်းမွန်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်စွမ်း၊ ဥာဏ်စွမ်းဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ရက်စောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးခြင်း ဆောင်ရွက်
Aug 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်၊ ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ မိုးရွာသွန်း၍ ကျေးရွာချင်းဆက် ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ် လမ်း ရေတိုက်စား ပျက်စီးမှုဖြစ်ပွား
Aug 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ သကြားဟင်းအိုးနှင့် တောင်ပို့သာကျေးရွာချင်းဆက်လမ်း၊ ညောင်ကိုင်းချောင်းကူး တံတားချဉ်းကပ်လမ်း တောင်ကျရေကြောင့် ယမန်နေ့ နေ့လယ်ပိုင်းက ရေတိုက်စား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။