စလင်း သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ်၌ ၂၀၂၅ ခုနှစ်တွင် ယနေ့ မိုးဦးချည်မျှင်ရှည်ဝါနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ ၁၆၁၄၀ ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းအင်းဌာနမှ သိရသည်။
စလင်းမြို့နယ်တွင်းရှိ ဒေသခံတောင်သူအများစုသည် မိရိုးဖလာအလုပ် တောင်သူလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ နွေစပါး မိုးစပါးနှင့် ဆီ ထွက်သီးနှံ မြေပဲ နေကြာ ပဲမျိုးစုံနှင့် ဝါများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ ဝါအထွက်နှုန်းကောင်းခဲ့ပြီး ဝါစျေးကွက်များအနေဖြင့် တစ်ပိသာလျှင် ၃၄၀၀ ကျပ်မှ ၃၆၀၀ ကျပ်အထိ စျေးများပိုမိုရကြ၍ ယခုနှစ်တွင် ချည်မျှင်ရှည်ဝါကို နေရာဒေသအလိုက် တောင်သူများ စိုက်ပျိုးလာကြပြီဖြစ်သည် ထိုသို့ချည်မျှင်ရှည်ဝါများ ဒေသခံတောင်သူများ ဝါသီးနှံမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး အပတ်စဥ် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေအသိပညာပေး ဟောပြောခြင်းနှင့် မိမိတို့ဒေသ ရာသီဥတုနှင့်ကိုက်ညီမည့် ပိုးသတ်ဆေးများ အသုံးပြုပုံများ အသိပညာပေး ခြင်းများဖြင့် ဝါစိုက်တောင်သူများမှလည်း ယခုနှစ်တွင် မိုးဦးချည်မျှင်ရှည်ဝါ (၅၇၆၄) ဧက၊ မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၀၃၇၆) ဧက၊ စုစုပေါင်းချည်မျှင်ရှည်ဝါ (၁၆၁၄၀) ဧကအား စိုက်ပျိုးနိုင်ခဲ့ကြပြီး ယခင်နှစ်တွင်လည်း နေရာဒေသအလိုက် ဝါသီးနှံအထွက်နှုန်းကောင်းခဲ့သဖြင့် မိသားစုများ ဝင်ငွေတိုးပွားခဲ့ကြောင်းကို မြို့နယ်စိုက်ပျိုးရေး မြေစာရင်းအင်းဌာနနှင့် ဒေသခံတောင်သူများ ပြောပြချက်အရ သိရသည်။
မောင်လွင်(စလင်း)