ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေး

ပျော်ဘွယ် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်၈ရက် နံနက် ၉နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့ထားသည့် “ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး” ဗီဒီယိုကို တက်ရောက် လာသည့် ပြည်သူများအား ကြည့်ရှုစေပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လဲ့လဲ့အောင်က  ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာအကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ဆက်သွယ်ရေးဆိုင်ရာများမှ လိမ်လည်မှုမခံရစေရေး ကြိုတင်သတိပြုရမည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)