ပွင့်ဖြူ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ခွင့်ပြု ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပွင့်ဖြူမြို့ ဒေလီယာလမ်း အရှည် ၅၄၀ ပေအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့ ဒေလီယာလမ်းအရှည် ၅၄၀ ပေအား ဌာန၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၄၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ် (၅၈) သန်းဖြင့် လမ်းအကျယ် ၁၆ ပေ၊ လမ်းအမြင့်ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားဌာနမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )