အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ ခုနစ်သိန်း စိုက်ထည့်

မန္တလေး     ဩဂုတ်   ၈

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၈ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ညောင်ကွဲရပ်ကွက် မြို့ပတ်လမ်းအနီးရှိ  ညောင်ကွဲ ဆိပ်ကမ်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ငါးခုံးမကြီးကောင်ရေ သုံးသိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ သုံးသိန်းခွဲ စုစုပေါင်း ငါးကောင်ရေ ခုနစ်သိန်းကို တိုင်း‌ဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းထွန်းဦး၊ ခရိုင်စီ မံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ဆွေ၊ ပုသိမ်ကြီးမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ခရိုင်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဒေါ်စိုးစိုးငြိမ်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ သရက်ကုန်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးထွန်းနောင်ဝင်း၊ နတ်ရေကန်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့်ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများက ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)