သတင်းများ

မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Aug 08,2025
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြု မိန့်ရရှိရေး ကွင်းဆင်းစစ်ဆေး
Aug 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ECCD. Early Childhood Car & Development ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ MOE MYINT (မိုးမြင့်)မူကြို‌ကျောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ KIDS ZONE Child Development Centre (ရင်သွေးငယ်များရပ်ဝန်း) မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ Star(စတား)မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ပြုလုပ်
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် မိခင်နှင့်က‌လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်း၌ ပျက်စီးသွားသည့် ၆/၈ တံတားအား ပြန်လည်ခင်းပေးပြီးဖြစ်
Aug 08,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည်-တံစိုး-မင်းစု-မြစ်သားလမ်းမှ ၆/၈ တံတားအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀.၀၀၀)သန်းအကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီးပြီဖြစ်၍ ပြည်သူများ အချိန်အခါမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Aug 08,2025
မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန်လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ်ကို ဩဂုတ် ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 08,2025
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကြည့်ရှုအားပေး၊ လွိုင်ကော်တက္ကသိုလ် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ တိုးတက်မှုကြည့်ရှုစစ်ဆေး
Aug 08,2025
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်စွာဖြင့် လွယ်ကူစွာအသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ပြည်သူများသို့ မဲပေးစက်များနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံတွင် ပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။