ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စုအောင်ဘာကျေးရွာတွင် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ အခမဲ့အထူးကု ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

ကော့သောင်း ဇူလိုင် ‌၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၊ အောင်ဘာတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာလင်းထိုက်နှင့် အထူးကုဆရာဝန်များက အခမဲ့အထူးကု ကွင်းဆင်းဆေးကုသခြင်းကို ဇူလိုင်လ(၅)ရက်နေ့က  ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာလင်းထိုက်ဦးဆောင်သော အထူးကုဆရာဝန်များ၊ ကျန်းမာ ရေးဌာနမှဆရာ၊ ဆရာမများသည်  အောင်ဘာတိုက်နယ်ဆေးရုံသို့ ဆေးကုသစစ်ဆေးခြင်းများခံယူရန် လာရောက်ပြသကြသည့် အောင်ဘာကျေးရွာနှင့် အနီးတဝိုက်မှ ပြည်သူများအား အထွေထွေရောဂါများ၊ အရိုးအကြောအဆစ်ရောဂါ၊ ခွဲစိတ်ရောဂါများ၊ သွားကျန်းမာရေးများ စမ်းသပ်စစ်ဆေးကုသခြင်း၊ ကလေးလူနာများနှင့် သားဖွားနှင့်မီးယပ်လူနာများစမ်းသပ်စစ်ဆေးကုသ၍ လိုအပ်သောဆေးဝါးများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)