စေတုတ္တရာ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ မျိုးကိုကိုဇင်က အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အရန်သားဖွားဆရာမများ လိုက်နာရမည့်တာဝန်နှင့် ဝတ္တရားများအကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမျိုးကိုကိုဇင်နှင့် နည်းပြဆရာ/ ဆရာမ (၄) ဦးတို့က သင်တန်းသား/ သင်တန်းသူ (၃၆) ဦးတို့ကို ၆-၇-၂၀၂၆မှ ၁၀-၇-၂၀၂၆ ထိ စုစုပေါင်း (၅) ရက် စာတွေ့လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)