ဟိုပုံး ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်းများကို စဉ်ဆက်မပျက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင်ဘက်စုံသုံး၊ လက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုး ဆပ်ပြာရည်၊ အဝတ်လျှော်အမွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ Body Scrub ထုတ်လုပ် မှုနည်းပညာတွေကိုဌာနမှာရှိတဲ့ သင်တန်းနည်းပြများက သင်တန်းသုံးပစ္စည်း၊ ကုန်ကြမ်းပစ္စည်းအပြည့်အစုံနဲ့ စာတွေ့၊လက်တွေ့ဖြင့် ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပေးမှာဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်သက်သက်အေးတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ(၆)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိ စာတွေ့/လက်တွေ့ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)