ကျောင်းကုန်း ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ "ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်" စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကညင်သုံးဆင့်အုပ်စု၊ ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများက ပြည်သူများအား ပျိုးပင်များအားပေးအပ်ခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေနှင့် ရေတမာ စုစုပေါင်း (၁၂၀၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။
“ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းဖြစ်ပြီး၊ ကျေးရွာများ၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတရေးနှင့် သစ်တောသစ် ပင်များကို ချစ်ခင်တတ်စေရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)