သုံးခွမြို့နယ်တွင် GBS ကုမ္ပဏီနှင့် REZ (Rice Exports Zone) စာချုပ်ချုပ်ဆိုနိုင်ရန် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သုံးခွ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်း၊ ခရမ်းမြို့နယ်ဦးစီးမှူး ဦးဌေးမောင်တို့ ပူးပေါင်းအဖွဲ့သည် သုံးခွမြို့နယ် ကျေးရွာအုပ်စု (၂၅) စု တောင်သူ ( ၄၆၇) ဦး စိုက်ပျိုးမြေဧက (၄၀၅၀) ဧကရှိ စံပြကွက်စိုက်ပျိုးမည့် မြေနေရာအား ဇူလိုင် ၅ ရက် မွန်းလွဲ ၃နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် စံပြကွက်စိုက်ပျိုးမည့်မြေနေရာ ထွန်ယက်ထားရှိမှု၊ ခြံစည်းရိုးလုံခြုံစွာ ကာရံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး GBS ကုမ္ပဏီနှင့် REZ (Rice Exports Zone) စာချုပ်ချုပ်ဆိုနိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် သုံးခွမြို့နယ် ပတုပ်ကြီးကျေးရွာအုပ်စု ကျောင်းစုပတုပ်ကျေးရွာတွင် ကော်ဖီပင်များ ပျိုးထောင်ထားရှိမှုအခြေနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)