မုဒုံမြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မုဒုံ ဇူလိုင် ၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သန့်ရှင်းစိမ်းလန်းစိုပြေရန် ဇူလိုင် ၄ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းညွန့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းဋ္ဌေးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဆေးရုံအတွင်းရှိ မြက်ပင်များနှင့် အမှိုက်များအား ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေးမြောင်းများအား တူးဖော်ရှင်းလင်းခြင်းများနှင့် ခြင်ကျားကင်းစင်စေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အင်အား (၁၅၀) ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)