သတင်းများ

 မုံရွာမြို့နယ် စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းအတွက် ဂါလံ ၁၆၀၀ ဆံ့ ‌ဒေါင်ဖန်း အမျိုးအစားမီးသတ်‌ရေယာဥ်တစ်စီးအား ပြန်လည်ပြုပြင်ပြီး လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 08,2025
မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ် စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းအတွက် ဂါလံ ၁၆၀၀ ဆံ့ ‌ဒေါင်ဖန်းအမျိုးအစား မီးသတ်‌ရေယာဥ်တစ်စီး ပြန်လည်ပြုပြင်ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထူးခြားဖြစ်စဉ်သတင်းပေးပို့ခြင်း ရေတာရှည်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပြိုလဲမှုဖြစ်ပွား
Aug 08,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် ယမန်နေ့ နံနက်(၉)ခွဲအချိန်၌ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အမှတ်(၅)ရပ်ကွက် ဦးထွန်းထွန်းနိုင်၏ နေအိမ်ဘေးတွင်ရှိသော သစ်ပင်ပြိုလဲပြီး (၃) ပင်ပတ်လည်သွပ်မိုး၊ ထရံကာနေအိမ်ပေါ်သို့ ပိ၍နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကိုယနေ့တွင် ဆက်လက်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
အမာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ဩဂုတ်လ (၇) ရက်၊ နေ့လယ်ပိုင်းက လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို သြဂုတ်လ (၆) ရက်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ မိုးရာသီမေဂျာပေါင်းစုံ ဖူဆယ်အားကစား ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 08,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်ပညာအထက်တန်းကျောင်း( ကျောက်ဆည်)၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြတ်၍ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရေး ယနေ့နံနက် ၁၀ နာရီခွဲက မိုးရာသီမေဂျာပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် ပွင့်လင်းညီညာတံတားချောင်းရေတိုက်စားမှုကြောင့်ပျက်စီး
Aug 08,2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ချောင်းရေတိုက်စားခံရသည့် အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် အမှတ်(၁)ရပ်ကွက်၊ ချောင်းတောင်သို့ သွယ်ဆက်ထားသော အကျယ် ၂၂ပေ၊ အရှည် ပေ ၁၅၀ရှိ ပွင့်လင်းညီညာတံတားသည် ယနေ့နံနက် ၆ နာရီက အမှတ်(၁)ရပ်ကွက် ချောင်းတောင်ဘက်ခြမ်း ကမ်းကပ်ခုံနှင့်ကပ်လျက် ပေ ၃၀ခန့် မြေကျွံပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။