သတင်းများ

ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း
Feb 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဗိုလ်တထောင်မြို့နယ်သမဦးစီးဌာနတွင် စာအုပ်များ လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။                                                 
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 07,2025
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီခွဲက ခင်ကြီးယကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 07,2025
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊   ကျုံစုတ်ကျေးရွာတွင် နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဆောင်ရွက်နေမှုအခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးနေမျိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် အဆိုပါကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြှားပစ်အားကစားနည်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြှားပစ်အားကစားနည်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ပေါင်းတည်၌ နွေစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးနှင့် ကောက်စိုက်စက်မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေးကွင်းသရုပ်ပြသ
Feb 07,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်နည်းမှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြလက်တွေ့စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၂၅၊ လယ်မြေ ၁ဝ ဧကရှိ တောင်သူ ဦးစိုးသန်း၏ စိုက်ပျိုးမြေ၌ ကျင်းပ​ပြုလုပ်သည်။
သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Feb 07,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်)တဝက်ဇရပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်တွင် မွေးမြူရေး(အသားငါးကဏ္ဍ)အတွက် မြစိမ်းရောင်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်တွင် မြစိမ်းရောင်(အသားငါးကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ဒုတိယအကြိမ် အရင်းမပျောက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။