နတ်မောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်မိုးဝေက  ကျောင်းသား/ သူများအား Online media အဓိပ္ပါယ်၊ Online လိမ်လည်မှုအမျိုးအစားများ၊ လောင်းကစားမှု၊ လိမ်လည်မှုဖြစ်စဉ်များနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ သတိပြုဆင်ခြင်နိုင်စေမည့် အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး  လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုူဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို(Clip)(၂)ခုကို ပြသခဲ့ရာ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ဆရာ/မနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့သည်။

လှဝင်း