ညောင်ဦး ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာရှိ ကျန်စစ်သားမင်းကြီး၏ကောင်းမှုတော် မြစေတီဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဩဂုတ် ၈ ရက် နံနက် ၈ နာရီက ဆွမ်းသပိတ်လောင်းလှူပူဇော် ကျင်းပသည်။
မြစေတီဗုဒ္ဓပူဇနိယပွဲတော်အား ဘုရားကြီးရင်ပြင်တော်ပေါ်၌ ပင့်သံဃာ (၅၉)ပါး တို့အား ဆွမ်းသပိတ်လုံးလောင်းလှူကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက ဆွမ်းသပိတ်လုံးတို့အား စာရေးတံမဲပြုလုပ် လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း