မင်းဘူးမြို့ အထင်ကရ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ကေလာသဖတောင်တော်ပေါ်၌ တည်ရှိသော ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင်တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော (၄၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ယမန်နေ့ မွန်းလွဲပိုင်းက ရှင်ပင်စက္ကိန်းတဲဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။