သတင်းများ

ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Feb 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်က ဆောင်ရွက်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးမင်းဦး တပ်ကုန်းမြို့နယ် (၄၃)ကြိမ်မြောက် မဟာ/ စူဠဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနား တက်ရောက်
Feb 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းမှ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူသော သံဃာ၊ သီလရှင် ၁၂၁ ပါးတို့အား ဘွဲ့လက်မှတ်ဆက်ကပ်ခြင်း၊ စာအောင်ဆုငွေများ ဆက်ကပ်ပူဇော်သည့် (၄၃)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (BookClub)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာအောင်သစ်ရေးသားသည့် “မိမိဘဝ မိမိစိတ်တိုင်းကျ ထူထောင်အောင်မြင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းတုသတင်းမှားများကို နားမယောင်မိစေရန်နှင့် သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကား”လက်ကမ်းစာစောင်များကို ၂၃-၂-၂၀၂၄ ရက်နေ့နံနက်(၁၁း၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်းမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား ချီးမြှင့်ပေးအပ်
Feb 25,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ဒဂုံတက္ကသိုလ်တွင် ဘာသာရပ်ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဘေးနှစ်ဘက်တွင် ၂၃-၂-၂၀၂၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Feb 25,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
မတ္တရာမြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်
Feb 25,2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၃-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက မတ္တရာမြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။