မြန်အောင် ဖေဖေါ်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ် သံဃနာယက သံဃဝန်ဆောင်ဆရာတော်ဘုရားကြီးများ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မြန်အောင် မြို့နယ်လုံးဆိုင်ရာ (၈၅)ကြိမ်မြောက် သာသနဟိတသုဓမ္မာပရိယတ္တိစာတော်ပြန်ပွဲကြီး ဆုနှင်း သဘင်အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မုံရွာပရိယတ္တိစာသင်တိုက် အုန်းပင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြန်အောင်မြို့နယ်လုံးဆိုင်ရာ (၈၅) ကြိမ်မြောက်သာသနဟိတ သုဓမ္မာပရိယတ္တိစာတော်ပြန်ပွဲကြီးဥက္ကဋ္ဌ ဆင်သေကျောင်းဆရာတော် ဘဒ္ဒန္တဇနကနှင့်မြို့နယ် သံဃနာယက သံဃဝန်ဆောင်ဆရာတော်ဘုရားကြီးများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထူပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်မြို့နယ်လုံးဆိုင်ရာ(၈၅) ကြိမ်မြောက်သာသနဟိတ သုဓမ္မာပရိယတ္တိ စာတော်ပြန်ပွဲကြီး၌အကြီးတန်း (ပထမ) ကျော်၊ အကြီးတန်း(ဒုတိယ)ကျော်၊ အကြီးတန်း (တတိယ) ကျော်၊ အကြီးတန်း(ပညာရည်ချွန်)၊ အလတ်တန်း(ပထမ)ကျော်၊ အလတ်တန်း(ဒုတိယ)ကျော်၊ အလတ်တန်း (တတိယ)ကျော်၊ အလတ်တန်း (ပညာရည်ချွန်)၊ အငယ်တန်း(ပထမ)ကျော်၊ အငယ်တန်း (ဒုတိယ) ကျော်၊ အငယ်တန်း (တတိယ)ကျော်၊ အငယ်တန်း(ပညာရည်ချွန်)ဆုရ သံဃာတော်အရှင်သူမြတ်တို့အား စာအောင်ဆုလက်မှတ် များ ဆက်ကပ်လှူဒါန်းပြီး အကြီးတန်း ရိုးရိုးအောင် (၁၂) ပါး၊ အလတ်တန်း ရိုးရိုးအောင် (၂၅)ပါး ၊ အငယ်တန်းရိုးရိုးအောင် (၅၀)ပါး၊၊ မူလတန်း အောင် (၁၃၂ )ပါးတို့အား စာအောင် ဆုလက်မှတ်များဆက်လက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားတွင် မြန်အောင်မြို့ ကံလှကျောင်းဆရာတော် ဥူးသုမင်္ဂလက ၁၃၈၅ ခုနှစ် မြန်အောင် မြို့နယ်လုံးဆိုင်ရာ(၈၅) ကြိမ်မြောက် သာသနဟိတ သုဓမ္မာပရိယတ္တိ စာတော်ပြန်ပွဲကြီး၏ ငွေစာရင်း ရှင်းတမ်းအကျဥ်းချုပ်ကိုဖတ်ကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဝင်းဗိုလ်(မြန်အောင်)