ကျိုင်းတုံ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး ဈေးရောင်းချသူများနှင့်အတူ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ဈေးသူ/ဈေးသားများက မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များနှင့် လက်တွေ့သရုပ်ပြဇတ်တိုက် လေ့ကျင့်ဆောင်ရွက်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)