သတင်းများ

ကော့မှူးတွင် ဘေးအန္တရာယ်ကင်း ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာအုပ်စု သီရိဗလစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမအုပ်ချုပ်‌ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က စတင်၍ခရမ်းမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဗြဟ္မစိုခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 25,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ဘားအံမြို့၌ စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်း ဖွင့်လှစ်
Feb 25,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်အတွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် စီးပွားရေးလုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲတတ်လာစေရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့ Hotel Perfect ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုက်မရောမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
Feb 25,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ကျိုက်မရောမြို့အဝင် လူစည်ကားရာနေရာဖြစ်သည့် ဟင်္သာရုပ်ထုအဝိုင်း၌ ပြုလုပ်သည်။
သာယာဝတီမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Feb 25,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ် လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ ဖြန့်ဝေ‌ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် Grade-5 ၊ Grade-9 နှင့် Grade-12 စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ကြည့်ရှုအားပေး
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၄ ခုနှစ် မတ်လတွင် Grade-12 စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများတည်းခိုနေထိုင်ရာ ရပ်ကွက်အသီးသီးရှိနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ၂၃-၂-၂၀၂၄ ရက်နေ့ညနေ(၅)နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်
Feb 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ယ‌မန်နေ့နံနက် (၈) နာရီက အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။