သတင်းများ

သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သမင်ကုန်းကျေးရွာအုပ်စုသို့ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေး
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေ(၃)နာရီ(၄၀)အချိန်ခန့်က အစိုးရအဖွဲ့မှဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနစခန်းသို့ ရောက်ရှိကာ ပုသိမ်တက္ကသိုလ်မှ လက်တွေ့သင်တန်းဆင်းလေ့လာရန် ရောက်ရှိနေသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များမှာကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကျောင်းသားကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ စာစစ်ဌာနများနှင့် ကျောင်းများတွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ၊ ၂၀၂၁ - ၂၀၂၂ ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက် ၊ နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့ တမာပင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ               
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က တမာပင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆွေးနွေးပြုလုပ်ခဲ့သည်။                                        
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ ကွင်းဆင်းကြည့်ရှု
Feb 25,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၃)ရက် နံနက်(၉)နာရီက ကလောခရိုင် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ နိုင်ငံစီးပွားရေးမြှင့်တင်ရေး ထုတ်ကုန် MSME တစ်ခုဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စားဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်နေသော Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 25,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ဒုတိယမီးသတ်ဦးစီးမှုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ မီးဘေးအန္တရာယ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ​အမရပူရမြို့၊ မှန်တန်းရပ်ကွက်နယ်မြေ ၁ တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။