သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေး
Feb 25,2024
မြန်မာတို့၏ ၁၂ လရာသီများအနက် တပို့တွဲလတွင် မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် စုပေါင်းအားဖြင့် ပြုလုပ်ရသောမြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ပြုလုပ် ကျင်းပသည်။
ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့်(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ချီးမြှင့်
Feb 25,2024
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပြပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။
ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီး
Feb 25,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ် ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့​​စျေးမမရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Feb 25,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ(၂၅) နံနက်(၉)နာရီ ၃၀ အချိန်ကစျးမရပ်ကွက် ခြောက်ဆူဘုရား အာရုံခံတန်ဆောင်းအတွင်း၌ ဆွေးနွေးကိုကျင်းပပြုလုပ်ခဲ့ရာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမိုးယံမြင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စျေးမရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာ မောင်မင်းစိုးရေးသားသော လူငယ်နှင့်အပြောင်းအလဲ စာအုပ်ဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ၊ ဆရာမများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ သံလျက်မှော်အရှေ့ရပ်ကွက်၊ ကိုးနဝင်းစေတီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ
Feb 25,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၊ ကိုးနဝင်းစေတီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ
Feb 25,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သံဖြူဇရပ်၌ကျင်းပ
Feb 25,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျောင်းပိုင်းရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။