လားရှိုး ဖေဖော်ဝါရီ ၂၅
တပို့တွဲလပြည့်ည ဘုရားမီးပူဇော်ပွဲကို လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယမန်နေ့ည(တပို့တွဲလပြည့်ည)က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးပူဇော်ပွဲနှင့် မီးလှုံပွဲကို ဉာဏ်ရိုး၊ နံ့သာဖြူများဖြင့် ရိုးရာအစဉ်အလာများအတိုင်း စည်ကားစွာ ကျင်းပခဲ့ကြပြီး ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဘုရားမီးပူဇော်ပွဲသို့ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဒေသခံများနှင့်အတူ မီးပုံးပျံငယ်များ လွှတ်တင်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)