Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပခုက္ကူမြို့နယ် လယ်ယာကျေးရွာရှိ စားသောက်ကုန်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောထုတ်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လယ်ယာကျေးရွာရှိ စားသောက်ကုန်လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ပုဂံဘုရားဝန်းအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး လိုက်လံကြည့်ရှု
Feb 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ နေပြည်တော် ပုဂံဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်မြတ် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် စတီးရွှေသင်္ကန်းကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Feb 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်မြတ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ဆွမ်းခြောက်လောင်းလှူခြင်း၊ အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် စတီးရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 25,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပထမဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ်(၁၁၁၆)ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့အား မွန်အမျိုးသားနေ့အဖြင့် သတ်မှတ်ကာ မွန်အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(ဗဟို)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဟွေထိုက်ချောင်းရေးအားလျှပ်စစ်စီမံကိန်း ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းနေမှု ကွင်းဆင်းစစ်ဆေး
Feb 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကို နှင့်အဖွဲ့ဝင်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနဲ့အဖွဲ့၀င်များသည် ယနေ့နေ့လည်ပိုင်းက လဟယ်မြို့နယ် ဟွေထိုက်ချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်းရေအားလျှပ်စစ် ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းခြင်းနှင့် ရေလွှဲရေထုတ်ပြွန် ကွန်ကရစ်သွန်းလောင်းနိုင်ရေး ပြင်ဆင်ခြင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု့ စစ်ဆေးပါသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်း ဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက် ၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အမှတ် (၉)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၁၀)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သမင်ကုန်းကျေးရွာအုပ်စုသို့ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေး
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6774
Page
6775
Page
6776
Page
6777
Current page
6778
Page
6779
Page
6780
Page
6781
Page
6782
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department