သတင်းများ

တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သံတောင်လမ်းနှင့် ညောင်ပင်လေးစျေး၌ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ အောင်ကမ္ဘာ ဆီစက်အလုပ်ရုံတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေသီးနှံ (စပါး+နှမ်း) (၃၀၅၀၀)ဧက စိုက်ပျိုးထုတ်လုပ်သွားမည်
Feb 28,2024
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေသီးနှံ (စပါး+နှမ်း) (၃၀၅၀၀) ဧက အတွက် ချေးငွေသဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
တွန်းဇံမြို့၌ ရုံးဌာနများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 28,2024
ချင်းပြည်နယ် တွန်းဇံမြို့တွင် မီးဘေးလုံခြုံမှုရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် မှုနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံကို ရုံးဌာနများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇x၁၀၈ လမ်းကြားရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ယမန်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်က  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မန္တလာတက္ကသိုလ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။