သတင်းများ

ကျွန်းလှမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၊ ဝမ်ဆီလီကျေးရွာဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှု အတွက် ရေစက်ချအလှူမင်္ဂလာပွဲကျင်းပ
Jan 11,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆီလီကျေးရွာ ဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှုအတွက် ရေစက်ချအလှူ မင်္ဂလာပွဲကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ အဆိုပါ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးခဲ့သည့် စပါးဧက၅၆၀၀၀ကျော် ရိတ်သိမ်းပြီးစီး၍ ခြွေလှေ့စက်များဖြင့် ခြွေလှေ့
Jan 11,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် စပါးဧက ၅၆၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီးဖြစ်ကြောင်း  မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jan 11,2024
ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။
မိုင်းနောင်မြို့ နားကန်းကျေးရွာအုပ်စုတွင် 50 KVA ထရန်စဖော်မာဖွင့်ပွဲ ပြုလုပ်
Jan 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ နားကန်းကျေးရွာအုပ်စု 50 KVA ထရန်စဖော်မာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါ ထရန်စဖော်မာတည်ရှိရာနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပ
Jan 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် အလုပ်အကိုင်အခွင့်အလမ်းအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 11,2024
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက Myanmar Conch Cement Co.,Ltd နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့ပူးပေါင်းပြီး ဘွဲ့ရ ကျောင်းသား/ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် အလုပ်ခေါ်ယူမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။