သတင်းများ

မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ကောင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ကောင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် ဘူတာ အ.မ.က ကျောင်း၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဘူတာ အ.မ.က ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ ထူပါရုံ အ.လ.က(ခွဲ)တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 10,2024
စစ်ကိုင်းမြို့၊ ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ (တင်ဒါစနစ်/ဈေးပြိုင်စနစ်) လေလံတင်ရောင်းချပွဲကျင်းပ
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ်ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ (တင်ဒါစနစ်/ဈေးပြိုင်စနစ်) သားသတ်လုပ်ငန်းလိုင်စင် များအတွက် လေလံတင်ရောင်းချပွဲကို အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန် ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး
Jan 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပမိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေရောင်အနာဂတ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 10,2024
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကိုယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ မြမာလာခန်းမ၌ ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးလှသိန်းနှင့်အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး၊ ကျောက်တံတားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အ.လ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(မအူပင်)၌ လူငယ်စကားဝိုင်း ကျင်းပ
Jan 10,2024
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွန်ပျူတာတက္ကသိုလ် (မအူပင်)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။