သတင်းများ

မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၆)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 12,2024
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jan 12,2024
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန်က  အမှတ်(၂) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊စာစောင်များ သွားရောက် ငှားရမ်းပေး
Jan 12,2024
ပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှု့ခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့် တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှု့နိုင်စေရန် ၊ ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Jan 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၂)ရပ်ကွက်အနော်ရထာလမ်းတွင် ယနေ့နံနက် ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က  မီးလောင်မှုဖြစ်ပွားသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ရာ ၃ နာရီ ၃၄ မိနစ်တွင် မီးထိန်းနိုင်ပြီး ၃ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းကြောင်း သတင်းရရှိသည်။
ပင်လောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Jan 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ စိုက်ပျိုးရေများပေးဝေ
Jan 12,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ၏ လက်ရှိ အခြေအနေမှာ ကန်ရေအမှတ် (၄၅၂.၃၅) ပေရှိပြီးနွေစပါး စိုက်ပျိုးနိုင်ရေး ရေပေးဝေနေလျက်ရှိကြောင်း ဖြူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ဖြူးချောင်းရေလှောင်တမံသည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၁၅) မိုင် လမ်းမကြီးအနောက်ဘက်တွင်တည်ရှိပြီး (၈-၁-၂၀၁၅) ရက်နေ့တွင် ဖွင့်လှစ်ကာ ရေသောက်ဧရိယာဧက (၉၀၀၀၀) အနက် (၁၇၃၈၉) ဧကအတွက် ယမန်နှစ်အထိ ရေပေးဝေနိုင်ခဲ့ပြီး ယခုနှစ်တွင် နွေစပါးစိုက်တောင်သူလယ်သမားများ အချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရေး စတင်ရေပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ် မူလွန်(အလယ်ကျွန်း)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 12,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (အလယ်ကျွန်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ အထက (ဆန်ဆိုင်း) ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 12,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။