သတင်းများ

ကျောက်ပန်းတောင်းမြို့တွင် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်စီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သံဃာတော်များဦးဆောင်၍ ဘာသာ၊သာသနာကို ချစ်မြတ်နိုးသည့်ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်စီးမှုအပေါ်ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၈ နာရီခွဲက လွတ်လပ်ရေးရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်
Jan 12,2024
ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာမင်္ဂလာကန်တော်၌ ပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့တွင် အမျိုးဘာသာ သာသနာဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ
Jan 12,2024
မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် အမျိုးဘာသာ သာသနာ ဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချသည့် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် မော်လမြိုင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများကဆိုင်ကယ် (၃၀) စီး၊ မော်တော်ယာဉ် (၃၀) စီးဖြင့် စီတန်း၍ ထားဝယ်တံတားလမ်းအတိုင်း အ.ထ.က (၆) မီးပွိုင့်၊ ၎င်းမှအထက်လမ်းမကြီးအတိုင်း ထောင်ရှေ့အဝိုင်း ကျိုက်သလ္လံဘုရားလမ်းမှတစ်ဆင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီး စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားအနီး ကစားကွင်းနေရာ (ယခင်ရေပေါ်ညဈေး) တွင် အမျိုးဘာသာ သာသနာ ဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် လူရည်ချွန် အားကစားစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 12,2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jan 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
နတ်တလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jan 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့၊ အ.မ.က သဲကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပ
Jan 12,2024
ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အခမ်းအနားကို ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇) နာရီ အချိန်က ကရင်နှစ်ကူး တောင်ထိပ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်အိတ်နှင့်ဆီများ ပေးအပ်လှူဒါန်း
Jan 12,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆွမ်းဆန်တော် ၊ ဆီနှင့်အလှူငွေများ လှူဒါန်းကြသည်။