သတင်းများ

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်း ဆောင်ရွက်
Jan 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပလောက်မြို့ မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
ကျောက်ဆည်မြို့နယ်တွင် သိပ္ပံနည်းကျဘောင်စနစ်ဖြင့် စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းကုလားပဲများ စိုက်ပျိုးရာတွင် အထွက်နှုန်း တိုးပွားစေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် ကုလားပဲမျိုးများ ပြောင်းလဲပြီး မိရိုးဖလာ ပက်ကြဲစနစ်၊ သိပ္ပနည်းကျဘောင်စနစ် အမျိုးမျိုးစိုက်ပျိုးကြရာ သိပ္ပံနည်းကျ ဘောင်စနစ်ဖြင့် စိုက်ပျိုးထားသော လေးဆယ်ကုန်းကျေးရွာမှ တောင်သူဦးပေါ်လွင်၏ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Jan 12,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန် ၊ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းတွင်းအာကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်း ၊ အလယ်တန်း ၊ မူလတန်းအဆင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာဗန္ဓုလလမ်း ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 12,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော မဟာဗန္ဓုလလမ်း (လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားထိ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းနှင့် မဟာဗန္ဓုလမ်းဆုံအနီး ဖွင့်ပွဲမုခ်ဦးနေရာတွင် ကျင်းပခဲ့သည်။
ညောင်ဦးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်း ဆင်းပွဲကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပနိုင်ရေးအစည်းအဝေး ဆောင်ရွက်
Jan 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ် ပ‌ညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 12,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။
ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Jan 12,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း (တပ်နယ်) ကျောင်း ပညာအလင်းရောင်ခန်းမတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။