မိုင်းဆတ်မြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က-ခွဲ (လ-၂) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခေတ္တခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မီးသတ်ဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများကို လေ့လာကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)