(၂၃)ကြိမ်မြောက် ဟင်္သာတမြို့နယ်လုံးဆိုင်ရာ နာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပပြုလုပ်သည့် ပရိယတ္တိသာသနပါလကစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ဟင်္သာတ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဥယျာဥ်တောင်ရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်၊ ပိဋကာဝါသရွှေဗိမာန်တော်ကြီး၌ (၂၃) ကြိမ်မြောက် ဟင်္သာတမြို့နယ်လုံးဆိုင်ရာ နာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပပြုလုပ်သည့် ပရိယတ္တိသာသနပါလကစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို မတ် ၁၆ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က အဆိုပါ နေရာ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ကာ အခမ်းအနား စတင်ဖွင့်လှစ်၍ အတွင်းပတ္တမြား ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသော ပင့်သံဃာဆရာတော်ကြီးများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်မှ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်မှ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား လျှောက်ထားခဲ့သည်။ ထို့နောက် အတွင်းပတ္တမြားကျောင်းတိုက် ဆရာတော်ကြီးထံမှ အနုမောဒနာ တရားတော်အား နာကြားခြင်း၊ လှူဖွယ်အစုစုတို့အတွက် ရေစက်ချတရား နာကြားခဲ့ကြကာ ဂုဏ်ထူးအောင် အရှင်(၉)ပါးနှင့် စာအောင်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆုများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများမှ ဆက်ကပ်လှူဒါန်း၍ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပရိယတ္တိသာသနပါလက စာမေးပွဲတွင် ပထမငယ်တန်း၊ မူလတန်း၊ မူကြို(က)တန်း၊ အခြေပြုတန်း (အာဂုံ) တို့တွင် သံဃာဂုဏ်ထူးအောင် (၉) ပါး၊ ရိုးရိုးအောင် (၃၄၄) ပါး၊ စုစုပေါင်း သံဃာ (၃၅၃) ပါးတို့ အောင်မြင်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)