အုတ်တွင်း မတ် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ ထက်အောင်လူ(နံသာမြေ) ရေးသားသည့် “မျှော်လင့်ချက်မလျှော့ပါနှင့်” ဆောင်းပါးဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ကနဦးအနေဖြင့် ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးခင်မောင်ချိုက “မျှော်လင့်ချက်မလျှော့ပါနှင့်” ဆောင်းပါးတွင် ပါဝင်သည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ (Book Club) အသင်းအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီးနောက် ဆွေးနွေးချက်များအားလုံးအပေါ် ဦးဆောင်သူ ဆရာဦးခင်မောင်ချိုက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
အုတ်တွင်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ်မှ စတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အုတ်တွင်း(ပြန်/ဆက်)