ပွင့်ဖြူ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျတ် (ပြန်/ထိန်း) ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း - ရွာသစ်ကုန်း၊ နဘဲကုန်း - ရေဖြူတွင်းကျေးရွာများသို့ ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်းတွင် ယိုယွင်းပျက်စီးနေသည့် နေရာများအား ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်း - ရွာသစ်ကုန်း၊ နဘဲကုန်း - ရေဖြူတွင်းကျေးရွာသွား ကျေးရွာချင်းဆက်လမ်း (၁ ဒသမ ၆၀၉) ကီလိုမီတာမှ (၃ ဒသမ ၂၁၉) ကိလိုမီတာအတွင်း ယိုယွင်းပျက်စီးနေသော ချိုင့်ခွက်များကို မြေနီဖြည့်တင်း၍ အကျယ် (၅ ဒသမ ၄၉) မီတာ၊ လမ်းအမြင့်ထု (၁၅၀) မီလီမီတာ မြေနီလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျတ် (ပြန်/ထိန်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၈ သန်းဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအခါ ပွင့်ဖြူမြို့နယ် လယ်ကိုင်း - ရွာသစ်ကုန်း၊ နဘဲကုန်း - ရေဖြူတွင်းကျေးရွာများသို့ ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက်လမ်းတွင် ယိုယွင်းပျက်စီးနေသောနေရာများအား မြေနီလမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများအတွက် အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကာ ဒေသထွက် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး