ဒိုက်ဦး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကာကွယ်ရေးလိုက်လံနှိုးဆော်ရာတွင် ယခုအချိန်သည် ပူပြင်းခြောက်သွေ့းသာ နွေရာသီသို့ရောက်ရှိပြီဖြစ်သည့်အတွက် မီးကိုပေါ့ဆစွာ အသုံးပြုသူတင်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့စေရန် မီးသတ်တပ်ဖွဲ့ဥပဒေ (၁/၉၇) အရ ထုတ်ပြန်ထားသော မီးဘေးသတိမူရေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြပါရန် မြို့တွင်း၌ လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရုံးဌာနအဆောက်အဦးများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများပြုလုပ်ထားရှိရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပီပါများ၊ ရေအပြည့်ထားရှိရန်၊ မီးဖိုနှင့်ထရံကြားတွင် မီးမလောင်နိုင်သော ပစ္စည်း သွပ်ပြား၊ သံပြားများ ကာရံထားရန်၊ မီးဖိုနှင့် အမိုးအား အနည်းဆုံး (၅) ပေအကွာတွင်သာ ထားရှိရန်၊ ဟောင်းနွမ်ဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးပြုကြရန်၊ မီးသုံးစွဲမှုအား နံနက် (၄) နာရီမှ (၁၀) နာရီအထိ တစ်ကြိမ်နှင့် ညနေ (၄) နာရီမှ ည (၈) နာရီအထိ တစ်ကြိမ်သာ ချက်ပြုတ်သုံးစွဲရန် စသည်အချက်များအား လိုက်နာမှုရှိ/မရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)