ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ကက်သလစ်အသင်းတော် စိန်သောမတ် (စ်) ဓမ္မာရုံသစ်ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား မတ် ၁၉

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး မတည်ဆောင်ရွက်ပေးလျက်ရှိရာ ချေးငွေ ပထမနှစ် စက်ဝန်းကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ် ရာတွင် လုပ်ငန်းကဏ္ဍအလိုက် လုံခြုံစိတ်ချပြီး ပိုမိုတိုးတက်အောင်မြင်အောင် လည်ပတ်နိုင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း အတွက် ချေးငွေများကို လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်ပေးရာတွင် နယ်မြေအခြေအနေအရ လုံခြုံစိတ်ချပြီး ပိုမိုတိုးတက်အောင်မြင်စေရေး၊ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းစီမံကိန်းများ ဖြစ်စေရေး လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဦးစားပေးရွေးချယ်ဆုံး ဖြတ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် ခရိုင်/ မြို့နယ်များအလိုက် တင်ပြ လာသည့် လုပ်ငန်းစီမံကိန်းများအလိုက် ရန်ပုံငွေချထားပေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး စိစစ်ခွင့်ပြုပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်ကျော်က ပထမနှစ် စက်ဝန်းမှ အတိုး/ရငွေများကို ဒုတိယနှစ်စက်ဝန်းအတွက် ချေးငွေချပေးမှု အခြေအနေများနှင့် ထပ်မံ ချထားပေးရမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မြို့နယ် အလိုက် ချေးငွေရင်းနှီးမတည်ပေးရမည့် လုပ်ငန်းစီမံကိန်းများ အခြေအနေနှင့် ပြန်လည်သုံးသပ်စဉ်း စားရမည့် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများကို မဖြစ်မနေအောင်မြင်အောင် အလေးထားဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးအတွက် ချေးငွေများ စနစ်တကျချထားပေးနိုင်ရေးနှင့် ထပ်မံရင်းနှီးမတည်ချထားပေးမည့် လုပ်ငန်းယူနစ် ၁၄ ခုအတွက် အတည်ပြုဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ဘုရင့်နောင်လမ်းမတစ်လျှောက် သခင်နက်ဖေလမ်းဆုံမှ ဆေးရုံလမ်းဆုံအထိ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ လမ်းဘေးဝဲ/ယာတစ်လျှောက် အမှိုက်များကောက်ယူခြင်း၊ ရေမြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန့်ကာသီဒြယ်ဘုရားကျောင်းဝင်းအတွင်း ဆောက်လုပ် ပြီးစီးသည့် စိန်သောမတ်(စ်)ဓမ္မာရုံ ကောင်းချီးပေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

စိန်သောမတ်(စ်)ဓမ္မာရုံသစ်ဖွင့်ပွဲကို အဆိုပအဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်အသင်းတော် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုနှင့် ဆရာ တော်များ၊ အသင်းအမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အသင်းတော်ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအင်ဘောင်းဘွမ်အာဒမ်က အဆောက်အဦသစ်အား အသင်းတော်သို့ အပ်နှံပြီး ဂိုဏ်းချုပ် ဆရာတော်ကာဒီနယ်ချားလ်ဘိုက ဓမ္မာရုံသစ်အား ကောင်းချီးပေး ဆုတောင်းမေတ္တာပို့သပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဂိုဏ်းချုပ်ဆရာတော်နှင့် ကက်သလစ်ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓမ္မာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းတော်ဓမ္မာရုံသစ်အတွက် ဝမ်းမြောက်ကြောင်းနှုတ်ခွန်းစကား ပြောကြားပြီးနောက် အလှူငွေကျပ် (၁၀) သိန်း၊ ဖွင့်ပွဲအခမ်းအနားအတွက် ပါဝင်အမှုဆောင်ပေးခဲ့ ကြသော ရိုးရာအတီးအမှုတ်အဖွဲ့များနှင့် ဧည့်ခံကျွေးမွေးရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)