ငွေဆောင် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ ပြည်သူများ ကျယ်ကျယ့်ပြန့်ပြန့် သိရှိစေရန် ရည် ရွယ်ကာ ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများ၊ဌာနဆိုင်ရာများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊စစ် မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် (၁၃-၇-၁၉၄၇) ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍စုံ စမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များ စသည်တို့ကို ထည့်သွင်းဖော်ပြထားသည်။
ငွေဆောင်မြို့အတွင်းနေ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ သတင်းအမှန်များသိရှိစေရန်ရည်ရွယ်၍ မြို့အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)