နတ်မောက် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပုဂ္ဂလိကဆေးခန်းများအား လုပ်ငန်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ သွားနှင့်ခံတွင်းဆေးကုခန်းများ၊ အထွေထွေရောဂါရှာဖွေရေးဆေးကုခန်းများအား လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ လိုင်စင်သက်တမ်းတိုးထားခြင်း ရှိ/မရှိ၊ ဆေးကုခန်းသို့ လူနာကုသမှုအခြေအနေ၊ အတွင်းလူနာနှင့် ခွဲစိတ်ခန်း ရှိ/မရှိ၊ ရောဂါစမ်းသပ်မှု စက်ကိရိယာများနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း