ရွှေတောင်မြို့နယ်တွင် လူငယ်အသင်း Youth Club တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် မတ် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ " လူငယ်လမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးနိုက်ခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေခြင်း၊ လာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ "လူငယ်လမ်းညွှန် "စာအုပ်ပါ" လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး" အကြောင်းအရာများဖြင့် စတင်ဆွေးနွေးခဲ့ပြီး Grade-11 ကျောင်းသူ မဖူးဖူးမိုးက "အာဟာရနှင့်ကိုယ်လက်လှုပ်ရှားမှု" အကြောင်းအရာဖြင့်လည်းကောင်း၊ Grafe-11 ကျောင်းသူ မအိသဇင်ဖြိုးက "က" မှန်ကန်သော စိတ်နေသ‌ဘောထား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မအိမ့်ကြည်ဖြူက" လူငယ်နှင့် အလေ့အထကောင်းများ "ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အဆိုပါစာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)