ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများစတင်

ညောင်ဦး မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ရွှေမိုက်ထုတ်ယူနိုင်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့်ရွဲလုံးကြီးများရှိ ရွှေစင်၊ ရွှေပြားများ ပြန်လည်သန့်စင်ပြုပြင်၍ ရွှေသင်္ကန်းပြန်လည်ကပ်လှူမည်ဖြစ်ရာ ပျက်စီးယိုယွင်းနေသည့် ကြေးပြားများပေါ်မှ ရွှေစင်ရွှေသားများ ပြန်လည်ကပ်လှူမည်ဖြစ်ကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀) ဖြင့် ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း