နတ်တလင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမ၌ ကျင်းပခဲ့ရာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူးဦးအေးစိုးဌေး၊ ဗဟိုသင်တန်းနည်းပြ ဦးမင်းမင်းနှင့် သင်တန်းနည်းပြများ၊ နတ်တလင်းခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းဆင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်းကြားရေးမှူး ဦးကျော်လှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းနည်းပြ ဆရာ/ ဆရာမများအနေဖြင့် သင်တန်းသား/ သူ ဆရာ၊ ဆရာမများအား ရှင်းလင်းလွယ်ကူစွာ မှတ်သားနိုင်ရေးစနစ်တကျသင်ကြား ပို့ချပေးကြရန်နှင့် သင်တန်းသား/ သူများမှလည်း သင်ကြားပို့ချရာတွင် ဂရုတစိုက်လိုက်လံမှတ်သား သင်ကြားကြရန်တို့ကိုပြောကြားပြီး၊ နတ်တလင်းမြို့နယ် ဒုတိယလက်ထောက်ပညာရေးမှူး ဦးအေးစိုးဌေးမှ သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဗဟိုသင်တန်းနည်းပြဆရာ ဦးမင်းမင်းမှ သင်တန်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ အားမှာကြားခြင်း၊ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ၊ နည်းပြဆရာ၊ ဆရာမ ၄၁ ဦး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၁၅ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)