ဟိုင်းကြီးကျွန်း မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၁၀ ရက်နေ့ (တပေါင်းလဆန်း (၁)ရက်နေ့)မှ စတင်ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျက် ရှိပြီး ဘုရားဖူးမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် Biometric Data ကောက်ယူ ခြင်းလုပ်ငန်းအား ငပုတောမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကောက်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဘုရားဖူးမိဘပြည်သူများအနေဖြင့် Biometric Data ကောက်ယူထားခြင်းမရှိသေးပါက အလွယ်တကူကောက်ယူသွားနိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ Biometric Data ကောက်ယူခြင်းနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းနှင့် အကြောင်းအရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်