ဝမ်းတွင်း ဇူလိုင် ၂၂
ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝမ်းတွင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ဝမ်းတွင်းမြို့နယ် ဥပဒေအရာရှိ ဦးမြင့်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝမ်းတွင်းမြို့နယ်ဥပဒေအရာရှိ ဦးမြင့်နိုင်ဦးက ဥပဒေဘာသာရပ်များကို သင်ကြားပို့ချခဲ့ခြင်း၊ သင်တန်းသားများနှင့်အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင်ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေစသည်တို့ကို ၂၂-၇-၂၀၂၆ ရက်နေ့မှ ၂၇-၇-၂၀၂၆ ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)