ကော့မှူးတွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အဖွဲ့ဝင်များ၊Youth Clubအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကို ယမန့်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြှော်အမြင်များ ရရှိစေရန်နှင့် စာပေကောင်းများ ပိုမိုလေ့လာဖတ်ရှုတတ်စေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  Book Club အဖွဲ့ဝင် ဦးအေးသွင်က စာရေးဆရာ အောင်ကိုဦး (UNK)  ရေးသားသည့် လူငယ်တွေစဉ်းစားဖို့ စာအုပ်ထဲမှ ကိုယ်ချစ်တာ ကိုယ်လုပ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Clubအဖွဲ့ဝင် မသန္တာစိုးက အင်တာနက်မှာလေ့လာပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊‌ Book Club အဖွဲ့ဝင် ဦးဝင်းရွှေက လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်မိုးကေသီက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)