ကသာမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေး

ကသာ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီ လွဲအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်း မလိခခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းမှ လာရောက်ကြည့်ရှုစစ်ဆေးရာ ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး မှတ်တမ်းရေးသွင်းနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း‌ ပြောကြား‌ပေးခဲ့သည်။

ကသာမြို့နယ်တွင် လမင်းစီမံချက်ဖြင့် အ.ထ.က(၂) မှ  အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၃၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)