သတင်းများ

ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံအစည်းအဝေး ပြုလုပ်
Mar 23,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကြက်ခြေနီအသင်း(ခွဲ)ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံ အစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ကင်သာကျေးရွာတွင် နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ၏ ဆုံးမဩဝါဒကိုခံယူ၍ နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းကို ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာ အုပ်စုဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ကြီးကြပ်ဖွင့်လှစ်သင်ကြားခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဒ​ယောက်ကူးကျေးရွာတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုအား ကြည့်ရှုအားပေး
Mar 23,2024
နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင် ၂၀၀ ဆေး ရုံကြီးနှင့် တပ်ကုန်းမြို့ခုတင် ၁၀၀ ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဒယောက်ကူး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မစင်္ကြာဗိမာန်တော်တွင် အောင်မြေရိပ်သာ၊ ဒယောက်ကူး၊ လက်ပန်ပု၊ နောင်ဘို့အိုး၊ သပြေကုန်း၊ ကံကြီး၊ ဒဟတ်တော၊ တလင်းကုန်း၊ ကျောက်စရစ်ကုန်း ကျေးရွာတို့မှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
မဟာအောင်မြေမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ ကျင်းပ
Mar 23,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအာင်မြေမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်တောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ပြီး သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတတ်ရောက်
Mar 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ၂ဝ၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ပြီး၊ အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံခွန်စိုက်ဖလားဆုကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများ၊. အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကြံခင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (MCCT) အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့မရပ်ကွက်အတွင်းရှိ အကျုံးဝင်သူများ လက်ဝယ်သို့ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်မြို့နယ်၌ ကျေးလက်ကုန်ထုတ်မြေသားလမ်း ဖွင့်လှစ်
Mar 23,2024
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်မြေသားလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။
မောက်မယ်မြို့နယ် မြို့မစျေး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Mar 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့မစျေး၌ ဆောင်ရွက်ခဲ့ကြသည်။