မဟာအောင်မြေ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအာင်မြေမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဉီးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၃၇)ကျောင်းမှ ဆရာ/ဆရာမ (၈၆)ဦး တက်ရောက်ကြကာ သင်တန်းနည်းပြ(၂)ဦးက (၂)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
အောင်ဇော်မင်း