သတင်းများ

ခရမ်းမြို့သကျမာရဇိန်သွန်း ဘုရားကြီး၏ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်‌တော်လောင်းလှူပွဲ ကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်သွန်းဘုရားကြီး၏ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါဘုရားကြီးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းဖွင့်လှစ်
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ (မွမ်းမံ) သင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ် နားဖန်းကျေးရွာ ထပ်ကြောမ်ခမ်းစေတီ ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု နားဖန်းကျေးရွာ၌ ထပ်ကြောမ်ခမ်းစေတီ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့က စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် နေ့ဆွမ်းကပ်လှူဒါန်းခြင်း ပဒေသာပင်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကြီး ကျင်းပလျက်ရှိရာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ယနေ့တပေါင်းလပြည့် ယမန်နေ့ နံနက် (၅) နာရီခွဲအချိန်က ကျိုက်မှော်ဝန်း ရေလယ်စေတီတော်ရင်ပြင်ရှိ ဆုတောင်းပြည့် ငါးစပ်တန်ဆောင်းတော်ကြီးတွင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၏ သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တဥတ္တမသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) (ဓမ္မသိင်္ဂီပရိယတ္တိစာသင်တိုက်) ဆရာတော်ဘဒ္ဒန္တပညာ (စိတ္တသုခကျောင်းတိုက်) ဆရာတော်ဘဒ္ဒန္တသုန္ဒရ (နိုင်ငံတော်သြဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) (ကန်ပြောင်အရှေ့ကျောင်းတိုက်) ဆရာတော်ဘဒ္ဒန္တကုမာရ (ဓမ္မာစရိယ) ပန်းတော်ကျောင်းတိုက်ဆရာတော်နှင့် သြဝါဒစရိယဆရာတော်ကြီးများ၊ အဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဆရာတော်ဘဒ္ဒန္တဥတ္တမသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) (ဓမ္မသိင်္ဂီပရိယတ္တိစာသင်တိုက်) ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခဲ့ကြသည်၊၊
သရက်မြို့၌ (၇၈)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူ
Mar 25,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၇၈) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယမန်နေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
တပေါင်းလပြည့်နေ့၌ စက္ကိန်းတဲဘုရားအပါအဝင် မင်းဘူးမြို့ရှိ အထင်ကရနေရာများတွင် ဘုရားဖူးသူများဖြင့် စည်ကား
Mar 25,2024
တပေါင်းလပြည့်နေ့၊ မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့၌ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ စက္ကိန်းတဲဘုရားအပါအဝင် အခြားအထင်ကရနေရာများတွင် အနားယူအပန်းဖြေသူ၊ ဘုရားဖူးသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းမြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းမြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း‌ ရွှေပြည်ရတနာခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော် ရှင်မြတ်ဘုရားကြီးတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပ
Mar 25,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ် ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂုဏ်တော်ကိုးပါးရှိ တနင်္ဂနွေဒေါင့်မှ မြတ်ဗုဒ္ဓတစ်ဆူ၏ ရွှေကြာသင်္ကန်းတော်အား ရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆုတောင်းပြည့် ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။